အနာဂတ်ကို စာချုပ်ကုန်ဆုံးမည့် နွေရာသီတွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း စာချုပ်မပြည့်မီမှာပင် လမ်းခွဲရနိုင်ကြောင်း စပါးနည်းပြ ကွန်တီ ဝန်ခံ

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက အသင်းနှင့်အနာဂတ်ကို စာချုပ်ကုန်ဆုံးမည့် နွေရာသီတွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း စာချုပ်မပြည့်မီမှာပင် လမ်းခွဲရနိုင်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် စပါးနှင့် အေစီမီလန်အသင်းတို့ လန်ဒန်မြေ၌ ဂိုးမရှိသရေကျခဲ့ပြီး အေစီမီလန်အသင်းက နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးဖြင့် ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

စပါးအသင်းအနေဖြင့် အိမ်ကွင်းကစားရသော်လည်း ဂိုးပေါက်တည့်သည့်ကန်ချက် နှစ်ကြိမ်သာရှိခဲ့သလို (၇၇)မိနစ်တွင် နောက်ခံလူ ရိုမဲရိုး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

စပါးအသင်းအနေဖြင့် ယခုရာသီတွင် FA ဖလား၊ လိဂ်ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သလို ပရီးမီးယားလိဂ်တွင်လည်း ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် (၁၈)မှတ်ပြတ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ယှဉ်ပြိုင်နေရသဖြင့် (၁၅)ရာသီ ဆက်တိုက် ဖလားလက်မဲ့အခြေအနေဖြစ်ရန် သေချာလုနီးပါး ရှိသွားပြီဖြစ်သည်။

ကွန်တီ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံတိုးခွင့်ရှိသော်လည်း သဘောတူညီမှုမရသေးရာ ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော် အလုပ်ဆက်လုပ်နေဦးမှာပါ။ ကျွန်တော်က တော့တင်ဟမ်နဲ့ စာချုပ်ရှိပါသေးတယ်။ ဒီစာချုပ်ကို ကျွန်တော် လေးစားမှုရှိပါတယ်။ ရာသီကုန်တဲ့အချိန်မှာ အသင်းနဲ့အတူ အကောင်းဆုံးနည်းလမ်းနဲ့ ဆုံးဖြတ်သွားမှာပါ။ ရာသီကုန်ချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ အဲဒီထက်စောပြီးတော့ သူတို့က ကျွန်တော့်ကို အဝေးကိုပို့လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရည်မှန်းချက်တွေက မြင့်မားတော့ ဒါက စိတ်ပျက်စရာဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နည်းပြတွေအတွက်တော့ အလုပ်ကိုကြိုးစားလုပ်ပြီး အဆင့်မြင့်အောင်လုပ်ဖို့ပါပဲ။ ဒီနှစ်က အဲဒီလိုမြှင့်တင်နိုင်ဖို့ ရုန်းကန်နေရတယ်” ဟု ကွန်တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မီဒီယာများကမူ စပါးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှ ထွက်ခွာရခြင်းထက် ပိုမိုဆိုးရွားသည့်အချက်မှာ ဖန်တီးမှုမရှိ၊ ဆွဲဆောင်မှုမရှိသည့် ခေတ်ဟောင်းကစားဟန်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး အန်တိုနီယိုကွန်တီအပေါ် ပရိသတ်များ၏ စိတ်ပျက်မှုများစွာကို မြင်တွေ့လာရပြီး ပွဲချိန်တွင်းတွင်လည်း အော်ဟစ်လှောင်ပြောင်မှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

Responsible Gaming

As the leader of online casino and sportsbook sites, we are dedicated to conducting our operations in a completely sustainable and responsible manner. Please verify your legal rights before proceeding. Term And

Spin to Win
  • အမျိုးမျိုးသောဆုကြေးများကိုရယူဖို့အတွက် ကံစမ်းဘီးကိုလှည့်လိုက်ပါ။
  • customer များသည်တစ်နေ့လျှင်(1)ကြိမ်လှည့်ယူနိုင်ပါသည်။
  • ရယူဖို့အတွက် အက်မင်အဖွဲ့များကို ပို့ပေးရန် screen shot ရိုက်ဖို့လည်းမမေ့ပါနဲ့ဦးနော်။
Try Your Lucky
Never
Remind later
No thanks